ဗန်းမောက်မြို့နယ်အတွင်းမှ တရားမဝင် ကျွန်းသစ်/ခွဲသားများ ဖမ်းဆီးရမိ

၂၅.၆.၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဗန်းမောက်မြို့နယ်၊ ခေါင်းကိုက်ကျေးရွာ အရှေ့တောင်ဘက်(၂)မိုင်နှင့်(၃)မိုင်အကွာနေရာများမှ တရားမဝင် ကျွန်းသစ်/ခွဲသား (၂၉၁) လုံး/ချောင်း (၂၂.၇၃၁၆)တန်နှင့် တရားမဝင် သစ်စက် (၁)လုံးအား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ် ပတ်သက်သော တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, June 27, 2019 - 15:00