ထီးချိုင့်မြို့နယ်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၅.၆.၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မကျီးပင်ကျေးရွာ ရာအိမ်မှူးအဖွဲ့ ပါဝင်သောပူးပေါင်းအဖွဲ့သည် ထီးချိုင့်မြို့နယ် မကျီးပင်ရွာမြောက်ဘက်တွင် တရားမဝင် ကျွန်း/၃ပေအောက်ကျွန်းသစ် (၅၀)လုံး (၉.၂၃၈၀)တန်နှင့်အတူ ဆက်စပ်ပစ္စည်း (၅)မျိုး ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, June 27, 2019 - 15:00