ချမ်းမြသာစည်မြို့နယ်၊ ကံသာယာရပ်ကွက်တွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်တမလန်း/ပိတောက်ဓါးရွေများ ဖမ်းဆီးရမိ

၂၅-၆-၂၀၁၉ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ချမ်းမြသာစည်မြို့နယ်၊ ကံသာယာရပ်ကွက်၊ ၅၇x၅၈လမ်းကြား၊ မဉ္ဇူလမ်းနှင့် ချယ်ရီလမ်းကြား၊ လားရှိုးလမ်းသွယ်ပေါ်တွင် မော်တော်ယာဉ်အမှတ်-(MDY 7G/1607) TOYOTA DYNA (၆)ဘီး (အဖြူ/မီးခိုးရောင်)ယာဉ်ပေါ်မှ တရားမဝင်တမလန်း/ပိတောက်ဓါးရွေ (၆၀) ချောင်း (၂.၈၆၂၀)တန်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, June 27, 2019 - 15:00