မင်းကင်းမြို့နယ်၊ အိုးဘိုရွာအနီး ချင်းတွင်းမြစ်အတွင်းမှ မော်တော်ရေယာဉ်(၁)စီးနှင့် တရားမဝင်သစ်ခွဲသားများဖမ်းဆီးရမိ

၂၅-၆-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မင်းကင်းမြို့နယ်၊ အိုးဘိုရွာ၏ နောက်ဘက်(၄) ဖာလုံခန့်အကွာ၊ ချင်းတွင်းမြစ်အတွင်း “နန်းဝင်းသူ”အမည်ပါ ဦးချွန်သံခွံမော်တော်ရေယာဉ် (အစိမ်းနုရောင်)ပေါ်မှ တရားမဝင်ကျွန်း/ပျဉ်းကတိုး/သစ်ယာခွဲသား (၂၂၈) ချောင်း (၃.၂၄၂၂) တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, June 27, 2019 - 15:00