ပြင်ဦးလွင်မြို့နယ်၊ မန္တလေး-ပြင်ဦးလွင်(အတက်လမ်း)တွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင် ပိတောက်ခွဲသားများ ဖမ်းဆီးရမိ
၂၇.၆.၂၀၁၉ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ် နှင့် (၁၆)မိုင်စစ်ဆေးရေးဂိတ်တို့ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ အကောက်ခွန်ဦးစီးဌာနမှ ဝန်ထမ်းများပါဝင်သောပူးပေါင်းအဖွဲ့သည် ပြင်ဦးလွင်မြို့နယ်၊ မန္တလေး-ပြင်ဦးလွင်(အတက်လမ်း) မိုင်တိုင်(၁၇/၃)နှင့်(၁၇/၄)အတွင်း ယာဉ်(MDY/7M-9644)ပေါ်မှ တရားမဝင်သစ် ပိတောက် ခွဲသား (၆၁) ချောင်း (၁.၇၁၉၂)တန် ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
date:
Monday, July 1, 2019 - 13:15