တာချီလိတ်မြို့နယ်အတွင်း မော်တော်ယာဉ်(၁)စီးနှင့်အတူ တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၇.၆.၂၀၁၉ ရက်နေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ (ခလရ-၃၃၁)မှတပ်ဖွဲ့ဝင်များ၊ အကောက်ခွန်ဦးစီး ဌာနအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ်၊ ဟွေရဲပူးပေါင်း စစ်ဆေးရေးစခန်းအနီးတွင် ယာဉ်အမှတ်(ဘ-၂၁၄၉)ပေါ်မှ တရားမဝင်သစ် ပိတောက်/ ပိတောက်စကွဲယား (၁၀)လုံး/တုံး (၆.၅၃၀၈)တန် ယာဉ်(၁)စီးနှင့် အတူ တရားခံ(၁)ဦး ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, July 1, 2019 - 13:15