သစ်တောမီးစီမံထိန်းချုပ်ခြင်းသင်တန်းဖွင့်လှစ်ကျင်းပ

သစ်တောဦးစီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ၊ AFoCO Secretariat တို့အကြား ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ အာရှဒေသ သစ်တော ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု လေ့ကျင့်ပညာပေးရေး သင်တန်းကျောင်း (AFoCO RETC) တွင် ၂၀၁၈ ခုနှစ်မှစ၍ ပြည်တွင်း/ပြည်ပ သင်တန်းများ ဖွင့်လှစ်ကျင်းပ လျက်ရှိပါသည်။ ၂၀၁၉ ခုနှစ်အတွင်း ဖွင့်လှစ်ပို့ချသွားမည့် သင်တန်းအစီအစဉ်အနက် “သစ်တောမီး စီမံ ထိန်းချုပ်ခြင်း သင်တန်း” [AFoCO Regular Training Course on “Forest Fire Management]ကို ၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၄ ရက်မှ ၂၈ ရက်နေ့အထိ ဖွင့်လှစ်ကျင်းပခဲ့ပြီး သင်တန်းဖွင့်ပွဲအခမ်းအနားသို့ သယံဇာတနှင့်် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာန၊ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီ တက်ရောက်ကာ အဖွင့်အမှာစကားပြောကြားခဲ့ ပါသည်၊ သစ်တောမီး ပညာရပ်များဖြစ်သည့် သစ်တောမီးလောင်ကျွမ်းခြင်း အလေ့အထများနှင့် သတင်းအချက်အလက်စနစ်များကို သိမြင်နားလည်မှု မြင့်တက်လာစေရန်၊ သစ်တောမီး ထိန်းချုပ်ခြင်းနှင့် မီးငြိမ်းသတ်ခြင်း အကောင်းဆုံးနည်းစနစ်များကို လေ့လာသိရှိစေရန်၊ ခေတ်အလိုက် ပေါင်းစပ်သစ်တောမူဝါဒနှင့် အစီအစဉ်များတွင် အမျိုးသားအဆင့်နှင့် ဒေသ တွင်းအဆင့် စွမ်းဆောင်ရည်မြှင့်တင်ရန် ရည်ရွယ်လျက် ဤသင်တန်းအစီအစဉ်ကို ဖွင့်လှစ် ခဲ့ခြင်းဖြစ်ပါသည်၊ကွင်းဆင်းလေ့လာရေး ခရီးစဉ်အဖြစ် မင်းလှမြို့နယ်၊ မုက္ခာကြိုးဝိုင်း၊ အကွက်အမှတ်(၅၀) အတွင်းရှိ ၂၀၁၇ ခုနှစ်၊ စီးပွားရေးကျွန်းစိုက်ခင်းသို့ သွားရောက်လေ့လာခဲ့၍ မီးငြှိမ်းသတ်နည်း စနစ်များကို လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့ပါသည်၊ ဒေသအဆင့်လေ့ကျင့်ပညာပေးရေး သင်တန်းကျောင်း (AFoCO RETC)၏ “ဒေသခံ ပြည်သူ ဖွံ့ဖြိုးရေး ပညာပေးအစီအစဉ်” အရ သစ်တောကဏ္ဍဆိုင်ရာ တိုးချဲ့ပညာပေး အစီ အစဉ်(၂၁)ကြိမ်အဖြစ် ၂၆-၆-၂၀၁၉ ရက်နေ့တွင် “ဒေသခံပြည်သူ ဖွံ့ဖြိုးမှု ပညာပေး အစီ အစဉ်” အရ တိုက်ကြီးမြို့နယ်၊ မြို့မအခြေခံ ပညာအထက်တန်းကျောင်းမှ ကြီးကြပ်သူ ဆရာ/ဆရာမများနှင့်် ကျောင်းသား/ ကျောင်းသူများအား ဖိတ်ကြား၍ ကျင်းပခဲ့ပါသည်၊အစီအစဉ်အရ လေ့လာရေးခရီး လာရောက်ကြသည့် ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများသို့ ဦးနေမျိုးဝင်း(ဦးစီးအရာရှိ)၊ ဒေါ်အိစန္ဒီဆက်(ဦးစီးအရာရှိ)နှင့် ကိုရီးယားသမ္မတနိုင်ငံမှ အလုပ်သင် Mr. Cho Hyun Min (Internship)တို့က လူမှုဝန်းကျင် နှင့် ကောင်းမွန်သောသဘာဝ ပတ်ဝန်းကျင်အတွက် သစ်တောများ၏ အရေးပါပုံ၊ သစ်တော များကို ထိန်းသိမ်းရန်အရေးကြီးပုံနှင့်် AFoCO RETC သင်တန်းကျောင်းတည်ထောင်ခြင်း စီမံကိန်းအကြောင်းအရာများကို Projector ဖြင့် ရှင်းလင်းပို့ချခြင်း၊
တက်ရောက်လာကြသည့် ဆရာ/ဆရာမများမှ သိရှိလိုသည်များကို ပြန်လည်ဆွေးနွေး မေးမြန်းခြင်းအား သင်တန်းကျောင်းမှ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခြင်း၊ သင်တန်းကျောင်းနှင့် ပတ်သက်သည့် ဗီဒီယိုမှတ်တမ်းဖိုင်အား Projector ဖြင့် ပြသခြင်း နှင့် လေ့လာသူ ဆရာ/ဆရာမများအား သင်တန်းကျောင်းမှ တာဝန်ရှိသူများက သင်တန်း ကျောင်းအတွင်းသို့ လှည့်လည်ပြသခဲ့ပြီး မေးမြန်းသည်များကို ပြန်လည် ဖြေကြားခြင်း၊ဆက်လက်၍ ပျိုးဥယျာဉ်နှင့် လေ့ကျင့်ရေးသစ်တောသို့ သွားရောက်လေ့လာခြင်း၊ သင်တန်းကျောင်း ဝန်ထမ်းများက သစ်ပင်များ ပျိုးထောင်ခြင်း၊ မြေဆွေးရောစပ်ခြင်း၊ စိုက်ပျိုးသင့်သည့် အချိန်ကာလနှင့် သစ်ပင်စိုက်ပျိုးနည်း စနစ်များကို လက်တွေ့ ရှင်းလင်း ပြသခဲ့ပြီး ဆရာ/ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများက အဖွဲ့လိုက် သစ်ပင်များ လက်တွေ့ စိုက်ပျိုးခြင်း၊
အမှတ်တရ လက်ဆောင်များ ပေးအပ်ခြင်းနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခြင်း များ ဆောင်ရွက်ခဲ့ပါသည်။

date: 
Wednesday, July 3, 2019 - 09:15