လေ့ကျင့်ရေးနှင့် သုတေသနဖွံ့ဖြိုးရေးဌာန၊ ဗဟိုသစ်တော လုပ်ငန်းဖွံ့ဖြိုးမှု လေ့ကျင့်ပေးရေးဌာန၊ မှော်ဘီမြို့နှင့် ပုသိမ်ကြီးမြို့တို့တွင် ဆောင်ရွက်ခဲ့သော လုပ်ငန်းဆောင်ရွက်မှု သတင်းအချက်အလက်များ

၂၈.၆.၂၀၁၉ ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန် မှော်ဘီမြို့၊ ဗဟိုသစ်တောလုပ်ငန်းဖွံ့ဖြိုးမှု လေ့ကျင့်ပညာပေးရေးဌာန၊ သင်တန်းခန်းမတွင် သင်တန်းကျောင်း ကျောင်းအုပ်ကြီးမှ သင်တန်း ကျောင်းသို့ လာရောက်လေ့လာသော Mr.Shingo Onishi ဦးဆောင်၍ Yangon Japanese School (YJS)မှ ကျောင်းအုပ်ကြီး Mr.Yukiyasu Osakabe နှင့်တကွ ဆရာ/ဆရာမ (၄)ဦးနှင့် ကျောင်းသား/ ကျောင်းသူ(၁၇)ဦး စုစုပေါင်း(၂၂)ဦးအဖွဲ့အား သင်တန်းကျောင်းနှင့် ပတ်သက်သည့် အချက် အလက်များကို ရှင်းလင်းတင်ပြခဲ့ပြီး အဆိုပါရှင်းလင်းတင်ပြမှုနှင့် ဧည်ခံကြိုဆိုမှုအပေါ် YJS ကျောင်းမှ ကျောင်းသား/ကျောင်းသူကလေး(၃)ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့ပါသည်။၂၈.၆.၂၀၁၉ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် YJS ကျောင်းမှ ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူများအဖွဲ့သည် သင်တန်းကျောင်းရှိ သစ်နမူနာပြခန်း၊ စာသင်ခန်း၊ ပုံဆွဲခန်း၊ စာကြည့်တိုက်၊ ကျွန်းတစ်သျှူးခန်း၊ သစ်ခွတစ်သျှူးခန်းတို့အား ကြည့်ရှုလေ့လာ၍ လေ့ကျင့်ရေးသစ်တောတွင် ဒိုချပ်ကင်သဘာဝမြေဩဇာပြုလုပ်ခြင်းအား လက်တွေ့ပြုလုပ်ခဲ့ကြ ပါသည်။၂၉.၆.၂၀၁၉ရက်နေ့၊ နံနက်(၀၈:၀၀)နာရီတွင် Mr.Shingo Onishi ဦးဆောင်၍ Yangon Japanese School မှ ကျောင်းအုပ်ကြီး Mr.Yukiyasu Osakabe နှင့်တကွ ဆရာ/ဆရာမ(၄)ဦးနှင့် ကျောင်းသား/ကျောင်းသူ(၁၇)ဦး စုစုပေါင်း(၂၂)ဦးတို့သည် CFDTCဝန်ထမ်းများ၊ ဝန်ထမ်းမိသားစု များ၏ သားငယ်သမီးငယ် ကျောင်းသား/ကျောင်းသူများနှင့်အတူ လေ့ကျင့်ရေးသစ်တောအတွင်း သစ်မျိုးစုံ (၁၄၅၀)ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြပါသည်။
 ၂၄.၆.၂၀၁၉ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြန်မာနိုင်ငံကြိမ်ဝါးအသင်းမှ ဝါးလက်မှု ပညာရှင် ဦးသက်ဇော်နှင့်အဖွဲ့၏ ဝါးလက်မှုပစ္စည်းများလက်တွေ့ပြုလုပ်ခြင်းအား သင်တန်းသားများ ကိုယ်တိုင် လက်တွေ့လေ့လာသင်ယူခဲ့ကြပါသည်။
၂၅.၆.၂၀၁၉ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြန်မာနိုင်ငံကြိမ်ဝါးအသင်းမှ ဝါးလက်မှု ပညာရှင် ဦးသက်ဇော်နှင့်အဖွဲ့၏ ဝါးလက်မှုပစ္စည်းများ ဆေးဆိုးခြင်းလက်တွေ့ပြုလုပ်ခြင်းအား သင်တန်းသားများ ကိုယ်တိုင် လက်တွေ့လေ့လာသင်ယူခဲ့ကြပါသည်။ ဆက်လက်၍ သင်တန်းသားများမှ သင်တန်းအပြီးဆန်းစစ်ခြင်းများ ဖြေဆိုခဲ့ကြပါသည်။၂၆.၆.၂၀၁၉ရက်နေ့ နံနက်(၉:၀၀)နာရီတွင် သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပခဲ့ရာ မန္တလေးခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းလတ် မှ သင်တန်းဆင်း အမှာစကားပြောကြားခဲ့ပါသည်။ ၄င်းနောက် သင်တန်းအတွင်းရေးမှူး ဦးအေးချမ်းအောင်မှ သင်တန်းပြီးမြောက်ကြောင်း အစီရင်ခံစာအား ဖတ်ကြားခဲ့ပြီး မန္တလေးခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းလတ် သင်တန်းသားခေါင်းဆောင်အား သင်တန်းဆင်းလက်မှတ် များပေးအပ်ခဲ့ပါသည်။

date: 
Wednesday, July 3, 2019 - 09:30