တီးတိန်မြို့နယ်၊ နေချင်စရာကြိုးပြင်ကာကွယ်တောအတွင်း တရားမဝင်ကညင်သစ်/ခွဲသားများ ဖမ်းဆီးရမိ

၃၀-၆-၂၀၁၉ ရက်နေ့တွင် ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာ့သစ်လုပ်ငန်းများ ဝန်ထမ်းများ၊ ပါဝင်သောပူးပေါင်းအဖွဲ့သည် တီးတိန်မြို့နယ်၊ နေချင်စရာကြိုးပြင်ကာကွယ်တောအတွင်း တရားမဝင်ကညင်သစ်/ခွဲသား(၁၄) လုံး/ချောင်း (၅.၄၆၃၆)တန်အား ဖမ်းဆီး ရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, July 3, 2019 - 10:45