ပုသိမ်ကြီးမြို့နယ်အတွင်း မော်တော်ယာဉ်(၁)စီးနှင့်အတူ တရားမဝင် ပိတောက်ခွဲသားများ ဖမ်းဆီးရမိ

၂၉.၆.၂၀၁၉ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ (၁၆)မိုင်စစ်ဆေးရေးစခန်းတာဝန်ကျ သစ်တောဝန်ထမ်းများ၊ အကောက်ခွန်ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ပုသိမ်ကြီးမြို့နယ်၊ မန္တလေး-ပြင်ဦးလွင် (အတက်)ကားလမ်း(၁၆)မိုင်စစ်ဆေးရေးစခန်း(အတက်)စင်နေရာတွင်ယာဉ်အမှတ်( MDY 3F/5762) ပေါ်မှ တရားမဝင် ပိတောက်ခွဲသား (၃၆၇)ချောင်း (၀.၃၄၃၈၀)တန် ယာဉ်(၁)စီးနှင့် အတူ တရားခံ(၁)ဦး ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိ ပါသည်။

date: 
Wednesday, July 3, 2019 - 10:45