ပဲခူးမြို့နယ်အတွင်း မော်တော်ယာဉ်(၁)စီးနှင့်အတူ တရားမဝင် ကျွန်းပြူတင်းတံခါးချပ်ဆိုဒ်စုံများ ဖမ်းဆီးရမိ

၂၇.၆.၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ပဲခူးမြို့နယ်၊ ဘုရားကြီး-ဝေါလမ်း ရွှေသံလွင်တိုးဂိတ်အနီးတွင် ယာဉ်အမှတ်(KYN GG-3464)ပေါ်မှ တရားမဝင် ကျွန်းပြူတင်းတံခါးချပ်ဆိုဒ်စုံ(၉၁)ချပ် (၀.၇၆၇၀)တန် ယာဉ်(၁)စီးနှင့် အတူ တရားခံ(၂)ဦး ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိ ပါသည်။

date: 
Wednesday, July 3, 2019 - 10:45