မြန်အောင်မြို့နယ်အတွင်း ဆိုင်ကယ်(၅)စီးနှင့်အတူ တရားမဝင် ကျွန်းခွဲသားများ ဖမ်းဆီးရမိ

၂၈.၆.၂၀၁၉ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် မြန်အောင်မြို့နယ်၊ ဘန့်ဘွေးကုန်းကျေးရွာ၊ ပုသိမ်-မုံရွာကားလမ်း၊ မိုင်တိုင်အမှတ်(၇၁/၇)အနီး၊ ဆိုင်ကယ် (၅)စီးပေါ်မှ တရားမဝင် ကျွန်းခွဲသား(၄၄)ချောင်း (၀.၈၁၆၀)တန်နှင့်အတူ တရားခံ(၅)ဦး ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက် လျက်ရှိပါသည်။

date: 
Wednesday, July 3, 2019 - 10:45