သာယာဝတီမြို့နယ်၊ သုံးဆယ်ကြိုးဝိုင်းအတွင် တရားမဝင် ကညင်ခွဲသားများ ဖမ်းဆီးရမိ
၂၅.၆.၂၀၁၉ မှ ၂၇-၆-၁၉ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် သာယာဝတီမြို့နယ်၊ သုံးဆယ်ကြိုးဝိုင်း အကွက် (၁၀၄,၁၁၂)အတွင်း တရားမဝင်ကညင်ခွဲသား (၁၄၁) ချောင်း (၃၁.၂၇၆၂)တန် ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။






date:
Wednesday, July 3, 2019 - 10:45
