စေတုတ္တရာမြို့နယ်အတွင်း မော်တော်ယာဉ်(၁)စီးနှင့်အတူ တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၉.၆.၂၀၁၉ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သောသစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် စေတုတ္တရာမြို့နယ်၊ ပဇူကြိုးဝိုင်းအကွက်(၄၄)အတွင်း ယာဉ်အမှတ်၊ ဓ/၄၂၈၉ (မှန်ထောင်ခေါင်းစိမ်း (၆)ဘီး)ပေါ်မှ တရားမဝင် လုံးပတ်၃ပေအောက်ကျွန်းသစ် (၅၀)လုံး (၂.၅၉၇၈)တန်နှင့်အတူ တရားခံ(၃)ဦး ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, July 3, 2019 - 11:00