ဘော်လခဲမြို့နယ်၊ ဖားဆောင်းသွားကားလမ်းတွင် မော်တော်ယာဉ်(၁)စီးနှင့်အတူ တရားမဝင်သစ်ခွဲသားများ ဖမ်းဆီးရမိ

၃၀-၆-၂၀၁၉ ရက်နေ့တွင် ကယားပြည်နယ်၊ ဘော်လခဲခရိုင်၊ ဘော်လခဲမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ စရဖတပ်စု(၄)မှ တပ်ဖွဲ့ဝင်များ၊ ခမရ(၃၃၇)မှ တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဘော်လခဲမြို့နယ်၊ ဖားဆောင်းသွားကားလမ်းပေါ်မှ မော်တော်ယာဉ်အမှတ်(YGN 6K/4716) (ခဲရောင်) SUPER CUSTOM ယာဉ်နှင့်အတူ တရားမဝင်ပျဉ်းကတိုး/ပိတောက်ခွဲသား(၅၇)ချောင်း (၀.၆၇၁၂)တန်နှင့် (၄၅)ပေါင်ဝင်မီးသွေးအိတ်(၁၅)အိတ်(၂.၄)တန်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, July 3, 2019 - 11:00