မုဒုံမြို့နယ်အတွင်း တရားမဝင်သစ်ခွဲသားများဖမ်းဆီးရမိ

၁-၇-၂၀၁၉ ရက်နေ့တွင် သစ်တောဦးစီးရုံးချုပ်၊ စစ်ဆေးရေးဌာနမှ ဦးစီးအရာရှိ ဦးဆောင် သော သစ်တောဝန်ထမ်းများ၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနှင့် သစ်တောဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် မုဒုံမြို့နယ်အတွင်း တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများရှာဖွေဖော်ထုတ်ခြင်းဆောင်ရွက်ရာ တရားမဝင်ပိတောက်/ကညင်/ကတွတ်ခွဲသား (၆၄၀) ချောင်း (၅၈.ဝ၀၉၄)တန်အား တရားခံ(၂)ဦး နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, July 4, 2019 - 14:00