ငဖဲမြို့နယ်အတွင်း မော်တော်ယာဉ်(၂)စီးနှင့် တရားမဝင် သစ်များဖမ်းဆီးရမိ

၂.၇.၂၀၁၉ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ငဖဲမြို့နယ်၊ ပျဉ်းဝစစ်ဆေးရေးစခန်းအနီး၊ ဂုတ်ဝကျေးရွာနှင့် ပျဉ်းဝကျေးရွာကြား၊ နတ်ရေကန်လမ်းဟောင်းမိုင်တိုင် (၀/၇)နေရာ ယာဉ်(၂)စီး ပေါ်မှ တရားမဝင် ပျဉ်းကတိုး/ဇောင်းပလွေးခွဲသား (၁၁၄)ချောင်း (၂.၅၇၆၂)တန်နှင့်အတူ တရားခံ(၃)ဦးအား ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာ ရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, July 5, 2019 - 14:15