နောင်ချိုမြို့နယ်အတွင်း မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင် သစ်များဖမ်းဆီးရမိ

၃.၇.၂၀၁၉ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ခ.လ.ရ(၂၅၇)တပ်ဖွဲ့ဝင်များ၊ စအဖတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် နောင်ချိုမြို့နယ်၊ သုံးဆယ်-ဆမ္မဆယ်ကျေးရွာကြား၊ ကားလမ်းနံဘေး ယာဉ်အမှတ်၊ 7B/1074(Nissan Diesel (၆)ဘီး လိမ္မော်ရင့်ရောင်)ပေါ်မှ တရားမဝင် ကညင်ခွဲသား/စကွဲယား (၁၃၅)ချောင်း (၅.၉၄၈၀)တန် ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ် ပတ်သက်သောတရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, July 5, 2019 - 14:15