၂၀၁၉ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပခြင်း

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ပတ်ဝန်းကျင်စိမ်းလန်း စိုပြည်ရေးလှုပ်ရှားမှု (Green Environment Campaign 2019)တွင်ပါဝင်သော မိုးရာသီသစ်ပင် စိုက်ပျိုးပွဲအခမ်းအနားကို (၆-၇-၂၀၁၉) ရက်နေ့၊ နံနက်(၀၇:၃၀)နာရီတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ရန်အောင်မြင်ကြိုးဝိုင်း၊ အကွက်အမှတ်(၁၃)အတွင်း ကျင်းပ ပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက်၍ သစ်ပင်စိုက်ပျိုးကြောင်း သိရှိရပါသည်။ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း မှ တမလန်းပင်နှင့် ကံ့ကော်ပင်အား စိုက်ပျိုးခဲ့ပြီး နေပြည်တော်ကောင်စီဝင် မှ ပိတောက်ပင်၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှ ဒေါက်တာ ညီညီကျော်မှ ပိတောက်ပင် အားလည်းကောင်း၊ ပျဉ်းကတိုး၊ မြန်မာပိတောက်၊ တမလန်း၊ ယင်းမာ၊ မဟော်ဂနီ၊ သပြေ၊ မယ်ဇယ်၊ ရေတမာ၊ ကံ့ကော် သစ်မျိုးပေါင်း(၉)မျိုး၊ သစ်ပင်ပေါင်း (၁၅၀၀)ပင် အား နေပြည်တော်ကောင်စီဝင်နှင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ သစ်တောဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ မြန်မာ့သစ် လုပ်ငန်း၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ သတ္တုရေးရာဌာန၊ မြန်မာ့ကျောက်မျက် ရတနာရောင်းဝယ်ရေးဌာန၊မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့်ရောင်းဝယ်ရေးဌာန၊ သစ်တောနှင့်ပတ်ဝန်း ကျင်ဆိုင်ရာတက္ကသိုလ်၊ မြေတိုင်းဦးစီးဌာန၊ နေပြည်တော်သစ်တောဦးစီးဌာနတို့မှ အရာထမ်း/ အမှုထမ်းများ၊ တက်ရောက်သူအင်အား စုစုပေါင်း(၇၇၄)ဦးဖြင့် စိုက်ပျိုးခဲ့ကြပါသည်။ ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာကြသူ ဧည့်သည်တော်များမှ သစ်ပင်စိုက်ပျိုးနေမှုအား လှည့်လည်ကြည့်ရှုအားပေးကြကြောင်း သိရှိရပါသည်။လယ်ဝေးမြို့နယ်၊ ရန်အောင်မြင်ကြိုးဝိုင်းသည် အကွက်ပေါင်း(၁၁)ကွက်ရှိပြီး စုစုပေါင်း (၃၁၃၆)ဧကရှိပါသည်။ ၂၀၁၇ ခုနှစ်တွင် ရန်အောင်မြင်ကြိုးဝိုင်းအကွက်အမှတ်(၁၆)၌ သစ်မျိုးစုံ အပင်ပေါင်း(၁၀၄၄)ပင်နှင့် ၂၀၁၈ ခုနှစ်တွင်လည်း အကွက်အမှတ်(၁၃)တွင် သစ်မျိုးစုံ(၂၀၄၁)ပင် အား မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အနေဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

date: 
Monday, July 8, 2019 - 10:30