ပန်းတောင်းမြို့နယ်၊ မသုတ်ရွာအနီးတွင် တရားမဝင်ကျွန်းခွဲသားများဖမ်းဆီးရမိ

၄-၇-၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းမျာအဖွဲ့သည် ပန်းတောင်းမြို့နယ်၊ မသုတ်ရွာ၏ အနောက်ဘက်(၂)မိုင်ခန့်အကွာ သူရဲတန်းချောင်းအနီး(ဒေသအခေါ်)ရှောက်ခုံတွင် တရားမဝင် ကျွန်းခွဲသား (၃၅)ချောင်း (၄.၇၈၉၈)တန်အား ပိုင်ရှင်မဲ့ဖမ်းဆီး ရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, July 8, 2019 - 11:30