မင်းကင်းမြို့နယ်၊ မြောင်းဇင်းရွာအနီးတွင် တရားမဝင်ကညင်သစ်လုံးများဖမ်းဆီးရမိ

၃-၇-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊ သစ်တောဦးစီး ဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မင်းကင်းမြို့နယ်၊ မြောင်းဇင်းရွာ အနောက်ဘက် ချောင်းဘေးနေရာ တွင် တရားမဝင်ကညင်သစ် (၇)လုံး(၈.၇၉၀၀)တန်အား ပိုင်ရှင်မဲ့ဖမ်းဆီး ရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, July 8, 2019 - 11:30