ပြင်ဦးလွင်မြို့၊ မြန်မာနိုင်ငံသစ်တောကျောင်း အပတ်စဉ်လုပ်ငန်းဆောင်ရွက်မှု

မြန်မာနိုင်ငံသစ်တောကျောင်း၊ အခြေခံသစ်တောပညာ(၂)နှစ်သင်တန်း၊ အမှတ်စဉ်(၁၁၅)မှ သင်တန်းသား(၇၄)ဦးအားမန္တလေးမြို့ ဒို့ညီနောင် သိုင်းအဖွဲ့ချုပ်မှ ဥသျှောင်ဆရာကြီး ဦးဘမြသိန်းနှင့် ပင်မဆရာကြီး ဦးကြည်သိန်း ဦးဆောင်သည့် နည်းပြဆရာ(၃)ဦးတို့ဖြင့် (၁.၇.၂၀၁၉)ရက်နေ့မှ စတင်၍ နံနက် ပိုင်းတွင် (၀၅:၃၀)နာ ရီမှ (၁၇:၀၀)နာရီအထိ မြန်မာ့ရိုးရာသင်တန်းအား သင်ကြားပို့ချလျှက်ရှိပါသည်။၆-၇-၂၀၁၉ ရက်၊ စနေနေ့ နေ့လယ်(၁၃:၃၀)နာရီမှ (၁၅:၀၀)နာရီအထိ ပြင်ဦးလွင်မြို့၊ မြန်မာနိုင်ငံသစ်တောကျောင်၊ ဝန်ထမ်းအိမ်ရာဝင်းအတွင်းရှိ ဝန်ထမ်းမိသားစုဝင်များ၊ သက်ကြီးရွယ်အိုများအား သူနာပြုဆရာမမှ ဆေးဝါးကုသပေးခြင်း၊ ဆေးစစ်ခြင်းများ ဆောင်ရွက်ပေးခဲ့ပါသည်။

date: 
Tuesday, July 9, 2019 - 11:30