တမူးမြို့နယ်အတွင်း သုံးဘီးဆိုင်ကယ်(၃)စီးနှင့် တရားမဝင်သစ်များဖမ်းဆီးရမိ

၈-၇-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ တမူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ရတခလရ(၅၀)မှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည်တမူးမြို့နယ်၊ အနောက်တောင်ဘက် (၂)မိုင်ခန့်အကွာမြို့ရှောင်လမ်းတောစပ်တွင် သုံးဘီးဆိုင်ကယ်(၃)စီးနှင့် တရားမဝင်ကျွန်း/ကညင် ခွဲသား(၄၇)ချောင်း(၄.၇၀၇)တန်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများ အား ရှာဖွေစုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Tuesday, July 9, 2019 - 14:45