ပြင်ဦးလွင်မြို့နယ်၊ မန္တလေး-လားရှိုးကားလမ်းတွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်တမလန်း/ပိတောက်ဓါးရွေများဖမ်းဆီးရမိ

၅-၇-၂၀၁၉ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ပြင်ဦးလွင်မြို့နယ်၊ မန္တလေး-လားရှိုးကားလမ်း၊ သံမဏိစက်ရုံအနီး၊ မိုင်တိုင်အမှတ်(၃၆/၇)တွင် မော်တော်ယာဉ် အမှတ်(MDY 2B/3585) HINO (၁၀)ဘီး (ဖြူစိမ်းကြား)ယာဉ်ပေါ်မှ တရားမဝင်တမလန်း/ ပိတောက်ဓါးရွေ (၅၅) ချောင်း (၂.၃၀၀)တန်အား တရားခံ(၃)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်း တွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, July 9, 2019 - 14:45