လွိုင်လင်မြို့နယ်၊ မိုင်းနောင်နှင့် မိုင်းနန်းအကြားတောအတွင်းမှ မော်တော်ယာဉ်(၃)စီးနှင့် တရားမဝင်ပိတောက်ဓါးရွေများဖမ်းဆီးရမိ

၃-၇-၂၀၁၉ ရက်နေ့တွင် ခလရ(၉)မှ ဗိုလ်ကြီးသန့်ဇင် ဦးစီးထုတ်နုတ်(၁)စုပါဝင်သော တပ်မတော်သားများသည် လွိုင်လင်မြို့နယ်၊ မိုင်းနောင်နှင့် မိုင်းနန်းအကြားတောအတွင်း မော်တော်ယာဉ်(၃)စီးနှင့် တရားမဝင်ပိတောက်ဓါးရွေ(၄၂)ချောင်း(၅.၀၄၇၄)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး သစ်တောဦးစီးဌာနသို့ (၇-၇-၂၀၁၉)ရက်နေ့တွင် လွှဲပြောင်းပေးအပ်လာပါသဖြင့် ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Tuesday, July 9, 2019 - 15:00