ပွင့်ဖြူမြို့နယ်၊ မဲဇလီ-ရှောက်တော-ကုန်းဇောင်းလမ်း မော်တော်ယာဉ်(၁)စီးနှင့်အတူ တရားမဝင်သစ်များဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၈-၇-၂၀၁၉ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ သစ်တောဦးစီးဌာနမှဦးစီးအရာရှိဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ပွင့်ဖြူမြို့နယ်၊ မဲဇလီ-ရှောက်တော-ကုန်းဇောင်းလမ်း၊ မိုင်တိုင်အမှတ်(၀/၄)နေရာတွင် မော်တော်ယာဉ်အမှတ်(6P/4347) ခဲရောင်(၆)ဘီး ယာဉ်ပေါ်မှ တရားမဝင်တယ်/သန်း/ထောက်ကြန့်/ချဉ်ယုတ်/ဒဟတ်သစ်(၅၂)လုံး(၂.၅၅၀)တန်အား တရားခံ(၃)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား သစ်တောဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, July 11, 2019 - 13:30