လားရှိုးမြို့နယ်၊ သိန္နီမြို့နယ်ခွဲ ၊ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းနေရာတွင် မော်တော်ယာဉ်(၁)စီး နှင့်အတူ တရားမဝင်ပိတောက်ခွဲသားများဖမ်းဆီးရမိ

၈-၇-၂၀၁၉ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ လားရှိုးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ အကောက်ခွန်ဦးစီးဌာနမှ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် လားရှိုးမြို့နယ်၊ သိန္ဒီမြို့နယ်ခွဲ ၊ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းနေရာတွင် မော်တော်ယာဉ်အမှတ်(MDY 8G/2321) CANTER (အပြာရောင်)ယာဉ်ပေါ်မှ တရားမဝင်ပိတောက်ခွဲသား(၈၀)ချောင်း(၀.၃၇၄၈)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်း တွင်အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, July 11, 2019 - 13:30