အင်းတော်မြို့နယ်၊ နန့်ဖယ်ကြိုးဝိုင်း၊ မံမော်ကြိုးဝိုင်းအတွင်းတွင် တရားမဝင်သစ်စက်(၅)လုံးနှင့် တရားမဝင်ကျွန်းသစ်/ခွဲသားများဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၈-၇-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် အင်းတော်မြို့နယ်၊ နန့်ဖယ်ကြိုးဝိုင်းနှင့် မံမော်ကြိုးဝိုင်းအတွင်းနေရာများမှ တရားမဝင်ဂျင်ဒေါင်း(၂၅) ကောင်(၂)လုံး၊ ချန်ခိုင်း(၂၈)ကောင်၊ ဝီလင်း(၂၅)ကောင်(၂)လုံး စုစုပေါင်းအင်ဂျင်(၅)လုံးပါ သစ်စက်ဆက်စပ်ပစ္စည်းများနှင့်အတူ တရားမဝင်ကျွန်းသစ်/ခွဲသား (၇၁၄)လုံး/ချောင်း (၈၃.၃၈၁၆)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, July 11, 2019 - 13:30