မိုးမိတ်မြို့နယ်၊ ယင်းမာကြိုးဝိုင်းအတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ
၉-၇-၂၀၁၉ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုးမိတ်မြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မြန်မာ့သစ်လုပ်ငန်းမှဝန်ထမ်းများ ပါဝင်သောပူးပေါင်းအဖွဲ့သည် မိုးမိတ်မြို့နယ်၊ ယင်းမာကြိုးဝိုင်းအကွက်(၅၅) စိုက်လျှိုမြောင်အနီးမှ တရားမဝင် ကျွန်း/သစ်ယာ/အင်ကြင်း/ ပျဉ်းကတိုး/ယင်းမာ/သပြေ/အင်သစ်/ခွဲသား (၂၁)လုံး/ချောင်း (၄.၂၆၅၆)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ် ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
date:
Thursday, July 11, 2019 - 13:30