ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့်စီမံကိန်း) ဦးကျော်ကျော်လွင်နှင့် တာဝန်ရှိသူများအား Dr.Dhrupad Choudhury, Chief, Scaling Operations & Country Focal, Myanmar, ICIMOD မှလာရောက်တွေ့ဆုံ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ ဧည့်ခန်းမ၌ ၁၁-၇-၂၀၁၉ ရက်နေ့ (၁၁:ဝဝ)နာရီအချိန် တွင် သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့်စီမံကိန်း) ဦးကျော်ကျော်လွင်နှင့် တာဝန်ရှိသူများအား Dr.Dhrupad Choudhury, Chief, Scaling Operations & Country Focal, Myanmar, ICIMOD မှ လာရောက်တွေ့ဆုံ၍ အပြည်ပြည်ဆိုင်ရာ တောင်တန်းဒေသ ဖွံ့ဖြိုးရေးဗဟိုအဖွဲ့ (International Centre for Integrated Mountain Development-ICIMOD မှ ဆောင်ရွက်နေသည့် Himalayan Monitoring and Assessment Programme(HIMAP) နှင့် ပတ်သက်သည့် သတင်းအချက်အလက်မျာအား ဖြန့်ချိမည့်အခမ်းအနား များကို ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ(၈)ရက်နေ့တွင် နေပြည်တော်၊ ရန်ပုံငွေထောက်ပံ့ပေးသည့်အဖွဲ့ အစည်းများနှင့် သံရုံးများသို့ချပြသည့် အခမ်းအနားကို ၂၀၁၉ခုနှစ်၊ ဩဂုတ်လ(၉) ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပနိုင်ရေးကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။

date: 
Thursday, July 11, 2019 - 15:45