ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့်စီမံကိန်း) ဦးကျော်ကျော်လွင်နှင့် တာဝန်ရှိသူများအား Ms.Gabrielle Kissinger, Principal, Lexeme Consulting နှင့်အဖွဲ့မှလာရောက်တွေ့ဆုံ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ ဧည့်ခန်းမ၌ ၁၁-၇-၂၀၁၉ ရက်နေ့ ၊နေ့လည်(၁:ဝဝ)နာရီ အချိန်တွင် သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့်စီမံကိန်း) ဦးကျော်ကျော်လွင်နှင့် တာဝန်ရှိသူများအား Ms.Gabrielle Kissinger, Principal, Lexeme Consulting နှင့်အဖွဲ့မှှ လာရောက်တွေ့ဆုံ၍ မြန်မာနိုင်ငံ၏ သစ်တောမူဝါဒ နှင့် စီမံအုပ်ချုပ်မှုဆိုင်ရာအခြေအနေ၊ ဒေသခံပြည်သူတို့၏ အကြံပြုချက်များဖြင့် ပြင်ဆင်ရေးဆွဲလျက်ရှိသော သစ်တောနည်းဥပဒေ(မူကြမ်း)၊ သစ်တောကဏ္ဍတွင် EITI ကိုထည့်သွင်းပေါင်းစပ်နိုင်မှု၊ မြန်မာနိုင်ငံဆိုင်ရာ FLEGT နှင့် REDD+ ဆောင်ရွက်မှု၊ ဌာနေတိုင်းရင်းသားများ၏ သစ်တောနှင့် မြေယာစီမံအုပ်ချုပ်မှုဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်ခြင်းကဏ္ဍ(ICCCA အပါအဝင်)၊ ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုစနစ်ဖြင့် သစ်တောနှင့် မြေယာစီမံအုပ်ချုပ်မှုကိစ္စများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။

date: 
Thursday, July 11, 2019 - 15:45