ဖောင်းပြင်မြို့နယ်အတွင်း တရားမဝင်သစ် ကညင်(ခွဲခြမ်း)များ ဖမ်းဆီးရမိ

၈-၇-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ဆယ်အိမ်မှူးများ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဖောင်းပြင်မြို့နယ်၊ လမ်းလေးခွကျေးရွာ အရှေ့ဘက်(၅)ဖာလုံခန့်အကွာတွင် တရားမဝင် ကညင်(ခွဲခြမ်း) (၆.၀၉၂၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ် ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Friday, July 12, 2019 - 13:00