လှည်းကူးမြို့နယ်၊ ပဲခူး-ဖောင်ကြီး ကြီးလေးကြီးလမ်းတွင် မော်တော်ယာဉ်(၁)စီးနှင့်အတူ တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၀.၇.၂၀၁၉ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် လှည်းကူးမြို့နယ်၊ ပဲခူး-ဖောင်ကြီး ကြီးလေးကြီးလမ်း ကြို့ကုန်းလမ်းခွဲ ဆည်မြောင်းဘောင်အနီးမှ ယာဉ်(3A/2946)ပေါ်တွင် တရားမဝင်သစ် သပြေ/ မဏိဩဂ/သစ်စပ်/ဒီဒူး/သစ်နီ/သရက်/နဘဲ/ကညင်/စကားဝါခွဲသား (၉၇)ချောင်း (၈.၆၁၃၀) တန် အား ယာဉ်(၁)စီးနှင့်အတူ တရားခံ(၁)ဦး ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, July 12, 2019 - 13:00