မဘိမ်းမြို့နယ်၊ ကြိုးပြင်(IX)တွင် မော်တော်ယာဉ်(၁)စီးနှင့်အတူ တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၀.၇.၂၀၁၉ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မဘိမ်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်း အဖွဲ့သည် မဘိမ်းမြို့နယ်၊ ကြိုးပြင်(IX)နေရာတွင် မော်တော်ယာဉ်အမှတ်(မ/၃၉၈၀)(အစိမ်းရောင်) ယာဉ်ပေါ်မှ တရားမဝင်ကျွန်းသစ်/ခွဲသား (၅၈)လုံး/ချောင်း (၈.၁၄၁၈) တန် အား တရားခံ(၂)ဦး နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, July 12, 2019 - 13:00