မုံရွာမြို့နယ်၊ မုံရွာ-ရေဦးကားလမ်းတွင် မော်တော်ယာဉ်(၂)စီးပေါ်မှ တရားမဝင်ပိတောက်ခွဲသားများဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၀-၇-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ/ယင်းမာပင်ခရိုင်၊ မုံရွာမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မုံရွာမြို့နယ်၊ မုံရွာ-ရေဦးကားလမ်း၊ အိုးဘိုတောင်ရပ်ကွက်၊ အိုးဘိုတောင်တံတားအနီးနှင့် DENKO ဆီဆိုင်ရှေ့နေရာတို့တွင် မော်တော်ယာဉ်အမှတ်၊ (SGG 8C/3847) TOYOTA DYNA ယာဉ်နှင့် မော်တော်ယာဉ်အမှတ်(SGG 5H/6655) NISSAN CABSTAR ယာဉ်တို့ပေါ်မှ တရားမဝင်ပိတောက်ခွဲသား(၂၄)ချောင်း(၁.၈၆၁)တန်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, July 12, 2019 - 13:00