ဗန်းမော်မြို့နယ်၊ ရွှေကျီးနားရေဆိပ်အနီးတွင် သုံးဘီးဆိုင်ကယ် (၁)စီး၊ ပဲ့ထောင်စက်လှေ(၁)စီး၊ နှင့်အတူ တရားမဝင် ကျွန်းခွဲသားများ ဖမ်းဆီးရမိ

၁၁.၇.၂၀၁၉ ရက်နေ့တွင် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဗန်းမော်မြို့နယ်၊ ရွှေကျီးနားရေဆိပ်အနီးတွင် သုံးဘီးဆိုင်ကယ်(၁)စီး၊ ပဲ့ထောင်စက်လှေ(၁)စီးနှင့်အတူ တရားမဝင် ကျွန်းခွဲသား (၃၈)ချောင်း (၁.၀၈၈၀)တန်၊ တရားခံ(၃)ဦးအား ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက် လျက်ရှိပါသည်။

date: 
Friday, July 12, 2019 - 13:45