မိုင်းဆတ်မြို့နယ်၊ ဆိုက်ခေါင်မြို့ဝင်ဂိတ်တွင် မော်တော်ယာဉ်(၁)စီးနှင့်အတူ တရားမဝင် ပိတောက်ခွဲသားများ ဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၁-၇-၂၀၁၉ ရက်နေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံ-မိုင်းဆတ် ခရိုင်၊ မိုင်းဆတ်မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ခလရ(၄၉)တပ်မှ တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မိုင်းဆတ်မြို့နယ်၊ ဆိုက်ခေါင်မြို့ဝင်ဂိတ်တွင် မော်တော်ယာဉ်အမှတ်(8J-8283) LIGHT TRUCK မီးခိုးရောင်(၆)ဘီး ယာဉ်ပေါ်မှ တရားမဝင် ပိတောက်ခွဲသား (၈)ချောင်း (၀.၄၃၀၀)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား သစ်တောဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, July 12, 2019 - 13:45