ရေဖြူမြို့နယ်၊ ရေး-ထားဝယ်ကားလမ်းတွင် မော်တော်ယာဉ်(၂)စီးပေါ်မှ တရားမဝင် ပိတောက်ခွဲသားများ ဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၃-၇-၂၀၁၉ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် ရေဖြူမြို့နယ်၊ ရေး-ထားဝယ်ကားလမ်း၊ သက္ကယ်ကွက်ကျေးရွာအနီးမိုင်တိုင် (၂၄/၁)နှင့် (၂၇/၇)နေရာတို့တွင် မော်တော်ယာဉ်အမှတ်၊ (SHN-2C/1955) NISSAN DIESEL ယာဉ်နှင့် မော်တော်ယာဉ်အမှတ်(MDY-5B/1026) NISSAN DIESEL ယာဉ်တို့ပေါ်မှ တရားမဝင် ပိတောက် ခွဲသား(၁၄၂)ချောင်း (၂၀.၉၉၉၈)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Monday, July 15, 2019 - 16:00