မိုးညှင်းမြို့နယ်အတွင်း တရားမဝင်သစ်စက်များနှင့် တရားမဝင်သစ်များဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၄-၇-၂၀၁၉ ရက်နေ့တွင် သစ်တောဦးစီးရုံးချုပ်၊ စစ်ဆေးရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မိုးညှင်းမြို့နယ်အတွင်း တရားမဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးခြင်းဆောင်ရွက်ရာ ဂျင်ဒေါင်းအင်ဂျင်(၂၂)ကောင်(၂)လုံး၊ ဂျင်ဒေါင်းအင်ဂျင် (၃၀)ကောင်(၁)လုံး၊ ချိန်းဆော(၁)လုံး၊ ဆိုင်ကယ်(၃)စီးနှင့် တရားမဝင်ကျွန်း/စကားဝါ/ ယမနေ/သင်္ကန်း/တမာ/ယင်းမာ/ကညင်/ခလောင်/မအူ/ဘိုင်/ကြေးလံသစ်/ခွဲသား(၃၅၆၁)လုံး/ချောင်း(၇၆.၁၅၂၀)တန်အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, July 18, 2019 - 10:15