နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ဖမ်းဆီးရမိမှုများ

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သော စာရင်းများအရ တရားမဝင် ကျွန်း(၂၁၀.၁၃၇၃)တန်၊ သစ်မာ(၆၄.၁၂၅၀)တန်၊ အခြား (၂၉၃.၅၂၂၈)တန်၊ စုစုပေါင်း(၅၆၇.၇၈၅၁)တန်၊ တရားခံ(၅၃)ဦး၊ ယာဉ်/ယန္တရား(၄၇)စီး ဖမ်းဆီးရမိခဲ့ဖြစ်ပါသည်။ဖမ်းဆီးရမိမှုများအနက်များဆုံးဖမ်းဆီးရမိမှုမှာ ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မိုးညှင်းမြို့ နယ်၊ နန့်မွန်းဘိနယ်၊ နန့်မွန်းမြို့ရပ်ကွက်(၁)/ မိုင်းနောင်ဘိနယ်၊ ညောင်ပင်ကျေးရွာအတွင်း တို့မှ တရားမဝင်ကျွန်း/သစ်မာ/အခြား ခွဲခြမ်း/ခွဲသား (၃၅၆၁)ခြမ်း/ချောင်း (၇၆.၁၅၂၀)တန်၊ ဆိုင်ကယ်(၃)စီး၊ သစ်စက်(၃)လုံးနှင့်ဆက်စပ်ပစ္စည်းများ၊ တရားခံ(၂)ဦး ဖမ်းဆီးရမိမှုဖြစ်ပါသည်။

date: 
Thursday, July 18, 2019 - 11:30