ရေတာရှည်မြို့နယ်၊ သာဂရဘိနယ်အတွင်း တရားမဝင် ကျွန်းတံခါးရွက်များ ဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ် (CMRS) ဖြင့် သတင်းပေးပို့ချက်အရ ၁၈-၇-၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူးရုံး ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရေတာရှည်မြို့နယ်၊ သာဂရဘိနယ်၊ ငါးခုံးမချောင်းရွာနှင့် ဘုန်းကြီးကျောင်းအစပ်မှ တရားမဝင်ကျွန်းတံခါးရွက် (၃၆၇)ချပ် (၃.၆၈၃၈)တန်၊ ကိုးပင်-သာဂရကားလမ်း (၁/၅)မိုင် မြောက်ဘက် ကိုက် (၁၀၀)ခန့်အကွာမှ တရားမဝင်သစ်စက်(၁)လုံးနှင့် ဆက်စပ်ပစ္စည်းများ၊ သာဂရမြို့၊ အင်ဒိုင်းရပ် အမွန်(ခ)ဒေါ်ယူလေးခိုင်ခြံဝန်းအတွင်းမှ တရားမဝင် ထောက်ကြံ့ခွဲသား (၁၅)ချောင်း (၀.၀၈၇၂)တန် စုစုပေါင်း တရားမဝင် ကျွန်းတံခါးရွက်/ ထောက်ကြံ့ခွဲသား (၃၈၂)ချပ်/ ချောင်း (၃.၇၇၁)တန်၊ သစ်စက်(၁)လုံးနှင့် ဆက်စပ်ပစ္စည်းများအား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စုံစမ်းရှာဖွေဖော်ထုတ်လျက်ရှိပါသည်။

date: 
Monday, July 22, 2019 - 14:00