တမူးမြို့နယ်၊ အလှော်ကျေးရွာအနီးတွင်တရားမဝင်သစ်များဖမ်းဆီးရမိ

၁၈-၇-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ တမူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် တမူးမြို့နယ်၊ အလှော်ကျေးရွာအနောက်တောင်ဘက် (၂)မိုင်ခန့်အကွာနေရာ၌ တရားမဝင်ကညင်ခွဲသား (၄၇) ချောင်း (၇.၈၅၁၆)တန်အား ဖမ်းဆီး ရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, July 22, 2019 - 14:00