မဘိမ်းမြို့နယ်၊ ရွှေလီမြစ်အတွင်းတွင် တရားမဝင်ကျွန်းသစ်လုံးများဖမ်းဆီးရမိ

၂၀-၇-၂၀၁၉ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မဘိမ်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် မဘိမ်းမြို့နယ်၊ ရွှေလီမြစ်အတွင်း တရားမဝင် ကျွန်းသစ်(၂၀၄)လုံး (၁၄.၂၄၆၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, July 22, 2019 - 14:00