ဘုတလင်မြို့နယ်၊ ဆုံကုန်းကျေးရွာအနီးတွင် မော်တော်ယာဉ်(၁)စီးနှင့်အတူ တရားမဝင်ပိတောက်ခွဲသားများဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၀-၇-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ/ယင်းမာပင်ခရိုင်၊ ဘုတလင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် ဘုတလင်မြို့နယ်၊ ဆုံကုန်းကျေးရွာအရှေ့ဘက်(၁)ဖာလုံခန့်အကွာ နေရာတွင် မော်တော်ယာဉ်အမှတ်(၂စ/၅၂၅၅) (ခဲရောင်) HIACE TOYOTA Super Custom ယာဉ်ပေါ်မှ တရားမဝင်ပိတောက်ခွဲသား(၁၅)ချောင်း(၁.၂၇၉၆)တန်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, July 23, 2019 - 13:45