နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ဖမ်းဆီးရမိမှုများ

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သော စာရင်းများအရ တရားမဝင် ကျွန်း(၁၁၉.၉၀၁၂)တန်၊ သစ်မာ(၇၇.၈၃၉၂)တန်၊ အခြား (၉၄.၃၈၉၀)တန်၊ စုစုပေါင်း(၂၉၂.၁၂၉၄)တန်၊ တရားခံ(၆၁)ဦး၊ ယာဉ်/ယန္တရား(၅၁)စီး ဖမ်းဆီးရမိခဲ့ပါသည်။ ဖမ်းဆီးရမိမှုများအနက်များဆုံးဖမ်းဆီးရမိမှုမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော် မြို့နယ်၊ တပ်လွင်ကြိုးဝိုင်း(၅၂၊ ၅၄၊ ၄၁)နေရာတို့မှ တရားမဝင်ကျွန်း/အင်ကြင်း သစ်လုံး/ခွဲသား (၇၉၃)လုံး/ချောင်း (၂၅.၅၃၃၂)တန်၊ အင်ဂျင်(၂)လုံး၊ လွှဝိုင်း(၂)ဝိုင်းနှင့် ဆက်စပ်ပစ္စည်းများ အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်။

date: 
Wednesday, July 24, 2019 - 11:00