သာစည်မြို့နယ်၊ မိတ္ထီလာ-တောင်ကြီးကားလမ်းတွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင် သစ်ခွဲသားများ ဖမ်းဆီးရမိ

၂၂.၇.၂၀၁၉ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်ရပ်မိရပ်ဖ အဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် သာစည်မြို့နယ်၊ မိတ္ထီလာ-တောင်ကြီးကားလမ်း မိုင်တိုင်အမှတ် ၃၈/၆ တွင် ယာဉ်နံပါတ်မပါ GMC(၆)ဘီး အစိမ်းရောင် ပေါ်မှ တရားမဝင် ဒီဒူး/ သစ်ပုတ်/လင်ဇင်းခွဲသား(၂၉)ချောင်း (၄.၂၉၂၀)တန် ယာဉ်(၁)စီးနှင့် အတူ တရားခံ(၂)ဦးအား ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှု ဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, July 25, 2019 - 14:15