တောင်ကြီးမြို့နယ်(ပူးတွဲ)ဟိုပုံးမြို့နယ်၊ လွိုင်လင်-တောင်ကြီးကားလမ်းတွင် မော်တော်ယာဉ်(၂)စီး နှင့်အတူ တရားမဝင် ကျွန်းတံခါးရွက်/ပြူတင်း၊အင်ကြင်း(ကျည်းဘောင်)များ ဖမ်းဆီးရမိ

၂၂.၇.၂၀၁၉ ရက်နေ့တွင် ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ်(ပူးတွဲ)ဟိုပုံးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် တောင်ကြီးမြို့နယ်(ပူးတွဲ) ဟိုပုံးမြို့နယ်၊ လွိုင်လင်-တောင်ကြီးကားလမ်းမ မိုင်တိုင်အမှတ်(၁၃၂/၀)နေရာတွင် မော်တော်ယာဉ်အမှတ် SHN-CC-1331 Hyundai(အဝါရောင်)နှင့် MDY 3K-6904 Hyundai(အဖြူရောင်)တို့ပေါ်မှ တရားမဝင် ကျွန်းတံခါးရွက်/ပြူတင်း (၅၈)ချပ် (၀.၅၅၆၆)တန်၊ အင်ကြင်း(ကျည်းဘောင်)(၂၆၁)ချောင်း (၁.၂၂၆၆)တန်တို့အား ယာဉ်(၂)စီးနှင့် အတူ တရားခံ(၂)ဦးအား ဖမ်းဆီး ရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, July 25, 2019 - 14:30