မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၊ ရိုးစုံကျေးရွာရှိ ဦးအုန်းညွန့်ပါ (၁၂၀)ဦး၏ ရိုးစုံဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော(၅၅၀)ဧကသို့ ကွင်းဆင်းလေ့လာ
၂၇-၇-၂၀၁၉ ရက်နေ့၌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့်စီမံကိန်း) ဦးကျော်ကျော်လွင်ဦးဆောင်၍ သစ်တောဦးစီးဌာနမှ အရာထမ်းများ၊ အမှုထမ်းများ၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင် ရာတက္ကသိုလ်မှ ဆရာ/ဆရာမများနှင့် တတိယနှစ်၊ စတုတ္ထနှစ်၊ နောက်ဆုံးနှစ် ကျောင်းသူ/ကျောင်းသားများ ပါဝင်၍ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၊ ရိုးစုံကျေးရွာရှိ ဦးအုန်းညွန့်ပါ (၁၂၀)ဦး၏ ရိုးစုံဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော(၅၅၀)ဧကသို့ ကွင်းဆင်းလေ့လာခဲ့ကြသည်။ ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်ရှိ ရွှေနတ်တောင်အဆိုပြုကြိုးပြင်ကာကွယ်တောအတွင်း အပူပိုင်းဒေ သစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော ၂/၂၀၁၈ အခြားစိုက်ခင်း (၂၅)ဧက အားလေ့လာခဲ့ပါသည်။ ဆက်လက်၍ ကျောင်းသား/ကျောင်းသူများသည် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်ရှိ မယ်ညိုတောင်ကြိုးဝိုင်း အတွင်း အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေးဦးစီးဌာနမှ Asian Development Bank (ADB)နှင့် Nippon Koei Co.,Ltd တို့ဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် Rural Productivity and Ecosystem Services Enhanced in Central Dry Zone Forest စီမံကိန်း၏ လုပ်ငန်းဆောင်ရွက်နေမှုများအား လေ့လာခဲ့ပါသည်။