ကသာမြို့နယ်၊ အထက်ဝဲကြီးရွာဟောင်းအနီးတွင် တရားမဝင် ကညင်သစ်များ ဖမ်းဆီးရမိ
၂၆-၇-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ကသာမြို့နယ်၊ အထက်ဝဲကြီးရွာဟောင်းအနီးတွင် တရားမဝင် ကညင်သစ်(၅၇)လုံး (၁၁၃.၃၀၂၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။
date:
Monday, July 29, 2019 - 15:45