ထန်းတပင်မြို့နယ်၊ ရန်ကုန်-ပုသိမ် ကားလမ်းတွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်ခွဲသားများ ဖမ်းဆီးရမိ

၂၆-၇-၂၀၁၉ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ထန်းတပင်မြို့နယ်၊ ရန်ကုန်-ပုသိမ် ကားလမ်း၊ ထန်းတပင် သီတာအေး တာဆုံ စုပေါင်းစစ်ဆေးရေးဂိတ်တွင် မော်တော်ယာဉ်အမှတ် (1Q 4729) Nissan Diesel (ဖြူ စိမ်း ကြား) (၆) ဘီးယာဉ်အား တရားမဝင် တောင်သရက်ခွဲသား (၃၂)ချောင်း (၃.၅၅၆၄)တန်ကိုတရားခံ (၂) ဦး တို့နှင့်အတူဖမ်းဆီးရမိခဲ့ပြီး တရားခံများအား သစ်တောဥပဒေနှင့် အညီ အရေးယူနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, July 29, 2019 - 15:45